Skip to main content

Jan 09, 2020

နေပြည်တော် ဇန်နဝါရီ ၉

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချ ရေးအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မော်တော်ယာဉ်အရောင်း ပြခန်းများ၊ မော်တော်ယာဉ်အရောင်းစင်တာများ၊ ဘဏ်လုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

ရန်ကုန် ဇန်နဝါရီ

စာအုပ်အသစ်ပေါင်း တစ်သန်းပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် The Big Bad Wolf စာအုပ်ရောင်းပွဲ၏ ပွဲစီစဉ်သူ Ready 2 Read မြန်မာ၏ ဒါရိုက်တာ ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်းနှင့် Save the Library မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

နေပြည်တော်   ဇန်နဝါရီ   ၉

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Australian National University (ANU) တက္ကသိုလ်မှ Dr. Jonathan Liljeblad နှင့် လေ့လာရေးအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

နေပြည်တော် ဇန်နဝါရီ ၉

အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

လွိုင်ကော်     ဇန်နဝါရီ       ၉

ကယားပြည်နယ်တွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ၊ အခြေခံလိုအပ်ချက်များ ပိုမိုတိုးတက်ကောင်းမွန်စေရေး အတွက် ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အထူးအလေးပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၏ မီတာ (၄၀၀) Synthetic ပြေးလမ်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

မုံရွာ   ဇန်နဝါရီ   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကို မုံရွာမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

လွိုင်ကော်  ဇန်နဝါရီ  ၉

လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောပိတ(ရှမ်း)ရွာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက် အတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မြတ်ကြီးအား ရွှေဆေးကပ်လှူပူဇော်နိုင်ရေး အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ရန်ပုံငွေကျပ် (၁၇) သိန်း တိတိအား ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2020

မြန်မာနိုင်ငံတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို KG + 12 စနစ်သစ် ပညာရေး သင်ရိုး ညွှန်းတမ်းဖြင့် ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်လျက်ရှိရာ ၂၀၂၂ ခုနှစ်တွင် အခြေခံ ပညာအတန်းအားလုံး ပြီးစီးမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများအား ဒါသင်၊ ဒါကျက်၊ ဒါဖြေစနစ်မှ စဉ်းစားတွေးခေါ်မှုဉာဏ်ရည် မြင့်မားစေသော ပညာရေးစနစ်ကို ပြောင်းလဲ ဖော်ဆောင်နေသည်။

 

ဆက်လက်ဖတ်ရှုရန်

Jan 08, 2020

ကျိုင်းတုံ ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ပြည်နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး (ရုံးခွဲ)မှ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်