Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၅
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထနေ့ကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း (၁၂၅၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့သည်။
Jan 05, 2020
မူဆယ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် (၂၀၁၉)ခုနှစ်အတွင်း ယာဉ်မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှင့် ဒဏ်ရာရရှိမှု လူဦးရေသည် (၂၀၁၈) ခုနှစ်ထက် လျော့နည်းလာကြောင်း မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၏ မှတ်တမ်းအရ သိရသည်။
ယာဉ်မတော်တဆ ထိခိုက်မှုလျော့နည်းလာ
၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည် နှစ်သိန်းကျော် ဝင်ရောက်
Jan 05, 2020
မုံရွာ ဇန်နဝါရီလ ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန် (၆) ခုရှိ ဟိုတယ်ကြီးများတွင် ၂၀၁၉ ခုနှစ်အတွင်း၌ ပြည်တွင်း/ ပြည်ပခရီးသွား (၂၂၀,၆၂၁) ဦးအထိ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။
Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ သို့ ပေးပို့ထားသည်။
Jan 05, 2020
ရေနံချောင်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ အထူးစိမ်းလန်းစိုပြေရေးဇုန် စီမံကိန်း ငါးနှစ်တာကာလ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စမ်းသပ်စိုက်ကွက်များအား ကြည့်ရှု စစ်ဆေးရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ Peace Corps Myanmar အဖွဲ့မှ အင်္ဂလိပ်စာသင် စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများ လိုက်ပါလေ့လာခဲ့ကြောင်း သိရသည်။
Jan 05, 2020
ဘားအံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အောင်ဆန်းခန်းမဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါခန်းမတွင် ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးချစ်ဦးနှင့် ဒေါ်နန်းမိုးမိုးထွေး၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
Jan 05, 2020
ညောင်ဦး ဇန်နဝါရီ ၅
မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းဖြစ်သော ဝိုင်းခြင်းခတ်ခြင်းအား ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာနေကြောင်း ညောင်ဦးမြို့မှ အပျော်တမ်းဝိုင်းခြင်းခတ်အဖွဲ့မှ ဦးဇင်အောင်က ပြောကြားသည်။
Jan 05, 2020
နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) ပါဝင်မှုသည် ၉၉% ခန့်ရှိပြီး MSME များဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရလာနိုင်ခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးကြီးပါသည်။ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်သည် MSME လုပ်ငန်းများအား ဘဏ္ဍာငွေ ပံ့ပိုးကူညီရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်
Jan 05, 2020
မန္တလေး ဇန်နဝါရီ ၄
မန္တလေးဒေသခံမြို့မိ မြို့ဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မန္တလေးသံစဉ်ဂန္တဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့ မဖြစ်ဘူး ဂီတပွဲတော်ကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ည ၇ နာရီအချိန်က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည်။