Skip to main content

Jan 05, 2020

ထားဝယ် ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အားကစားအဖွဲ့ခေါင်းဆောင် ဦးဝင်းနောင် က နေပြည်တော်၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း(၄)မျိုးနှင့် ပတ်သက်၍ ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

မန္တလေး ဇန်နဝါရီ ၅

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂၀၂၀) ကို ယမန်နေ့ နံနက်ပိုင်းက  မန္တလေးမြို့တွင် ကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသူများ၏ စကားသံများ စုစည်းတင်ပြလိုက်ပါသည်။

မောင်ဇာနည်ထွန်း (အလွတ်တန်းအမျိုးသား-ပထမ)

ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ကျွန်တော့်ဆရာသမားနဲ့အတူ တော်တော်ကြာ လေ့ကျင့်ခဲ့ပါတယ်၊ ဒီပြိုင်ပွဲပါဝင်ယှဉ်ပြိုင်တာ ဒီနှစ်နဲ့ဆို လေးနှစ်ရှိပါပြီ၊ ဆုရရှိတဲ့အတွက် အရမ်းလည်း ပျော်ရွင်ပါတယ်၊ ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

မုံရွာ    ဇန်နဝါရီ    ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကလပ်တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားပြုအသင်းများနှင့် မြို့နယ်များကိုယ်စားပြု ဂေါက်သီးရိုက် အားကစားသမားများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

ရန်ကုန်   ဇန်နဝါရီ   ၄


ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည့် တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချော ထည်နှင့် လက်ဝတ်ရတနာပြပွဲ-၂၀၂၀တွင် နိုင်ငံတကာဈေးကွက်ရရှိရန်အတွက် ပြပွဲကာလအတွင်း နိုင်ငံခြားသားဝယ်ယူသူများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(ရန်ကုန်)တာဝန်ရှိသူထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

မန္တလေး  ဇန်နဝါရီ  ၄

 

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲများ၊ ပြပွဲများနှင့် ဈေးရောင်းပွဲတော်တွင် စက်ရက်ကန်းနှင့် လက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ပြောကြားသည်။

▲ ရည်ရွယ်ကျင်းပ ▲

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Geophysical Site Investigation(GSI) လုပ်ငန်းများကို Survey vessel: R/V PTSC Researcher (Call Sign: 3WJZ) ရေယာဉ်ဖြင့် (၁၄.၁၂.၂၀၁၉) ရက်နေ့မှ (၃၁.၃.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၂၈.၁၁.၂၀၁၉) ရက်စွဲဖြင့် ရေကြောင်းသတိပေးချက် ထုတ်ပြန် ကြေညာထားပြီးဖြစ်သော်လည်း ယခုအခါ လုပ်ငန်းအခြေအနေအရ မူလတင်ပြခဲ့သည့် တည်နေရာများအတိုင်း လုပ်ငန်းဆောင်ရွက်ရန် လုံလောက်မှု မရှိပါသဖြင့် အဆိုပါလုပ်ကွက်အမှတ် M-9 တွင်ပင် တည်နေရာမျ

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

နေပြည်တော်   ဇန်နဝါရီ   ၄

 

စစ်ကိုင်းမြို့တွင် ကိုရင်နှစ်ပါး ဆွမ်းခံထွက်သွားရာမှ ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေ အပ်နှံပေးခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြလိုက်သည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များသည် ယနေ့နိုင်ငံတော်၏ ဦးတည်ချီတက်ရာ ပန်းတိုင် ကို ညွှန်ပြနေပါသည်။

အခြေခံအားဖြင့် ဦးတည်ချက် (၅) ရပ်ဖြစ်ပါသည်။

-တိုင်းရင်းသားအားလုံးတို့၏ စုပေါင်းအင်အား၊

-တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊

-ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော် ဇန်နဝါရီ ၄

 

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နိုင်ငံနှင့်ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ကြ သူများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်