အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2021
ဇွန်(၁)ရက်နေ့မှစ၍မြန်မာနိုင်ငံတစ်ဝန်းရှိစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြင့် ပြန်လည်စည်ကားလာနေသည်ကို မြင်တွေ့ရသည်။
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်း သိရသည်။
Jun 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယ​နေ့ နံနက်ပိုင်းက ကျောင်းများအားလုံး စတင်ဖွင့် လှစ်​ကြောင်း သိရသည်။
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် ပို့ချသင်ကြားပြသလျှက်ရှိကြောင်း သိရသည်။
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နှင့်ငပုတောမြို့ကြား ဆက်သွယ်ထားသည့် ပုသိမ်-ငပုတော ကားလမ်းအား ဇွန်လ ၁ ရက်နေ့မှစတင်၍ ယာဉ်နှင့်ကုန် စုစုပေါင်း အလေးချိန် ၈ တန်အထိသာရှိ‌သော ယာဉ်များ ကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်းနှင့် တန်ပိုတင်ဆောင်ပါက လမ်းမကြီးများ ဥပဒေအရ အရေးယူ ခံရမည် ဖြစ်ကြောင်း ငပုတောမြို့နယ် လမ်းဦးစီးဌာနမှ တားမြစ်အသိပေး ထုတ်ပြန်ထားသည်။
Jun 01,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 01,2021
ဇွန်(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်၊ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများဖြင့် ပြန်လည်စည်ကားလာနေသည်ကို မြင်တွေ့ရသည်။