ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်း၌ Stop COVID-19 အဝါရောင် Campaign လူထုလှုပ်ရှားမှု ဆောင်ရွက်
Jan 08,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် ရည်ရွယ်၍ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ချယ်ရီရေယာဉ် စီးနင်းလိုက်ပါလာကြသော ခရီးသွားပြည်သူများ အား ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ စာတမ်းပါ အဝါရောင် Campaign အထိမ်းအမှတ် အင်္ကျီများ၊ နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်း စသည့် Stop COVID-19 အဝါရောင် Campaign လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်က ပန်းဆိုးတန်းသင်္ဘောဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။