ပျဉ်းမနားမြို့နယ်တွင် အဆင့်မြှင့်တင်ပေးမည့် ကျေးလက်ကုန်ထုတ်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ပေးမည့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်ထုတ်လမ်းများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။