သတင်းများ

ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများက သောက်သုံးရေလုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိ
Jan 08,2021
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားလာစေရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ ပြန်လည်သတ်မှတ်နိုင်ရေး စိစစ်ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် စိစစ်ရေးကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ
Jan 08,2021
ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ ပြန်လည်သတ်မှတ်နိုင်ရေး စိစစ်ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် စိစစ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jan 08,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေများ ချပြရှင်းလင်းခြင်း အခမ်းအနား ကျင်းပ
Jan 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း သင်တန်းပို့ချ
Jan 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း သင်တန်းကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး မြန်မာ-ထိုင်း ကော့သောင်း-ရနောင်း နယ်စပ် တရားမဝင် ကူးသန်းသွားလာမှုမပြုရေး မြို့နေပြည်သူများသို့ သတိပေးဆောင်ရွက်
Jan 08,2021
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်မှု မြှင့်တက်လာနေသည့် ထိုင်းနိုင်ငံအတွင်း ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေး မြန်မာ-ထိုင်းနယ်စပ် ရေပြင်လုံခြုံရေးကို ထိုင်းနိုင်ငံဖက်မှ ပိုမိုတိုးမြှင့် ဆောင်ရွက်လျှက်ရှိသဖြင့် ကော့သောင်း-ရနောင်း နယ်စပ် တရားမဝင် ကူးသန်းသွားလာမှု မပြုကြရေး ဒေသတာဝန်ရှိ အဖွဲ့အစည်းများမှ မြို့နေပြည်သူများသို့ သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဒဂုံမြို့နယ် ဦးဝိစာရ ရပ်ကွက်ရှိ ဒဂုံရိပ်သာစျေးတွင် စျေးရောင်းချသူပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် (Mask) နှင့် မျက်နှာအကာ(Face shield)များ ဖြန့်ဝေခြင်းဆောင်ရွက်
Jan 08,2021
ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာစျေးတွင် စျေးရောင်းချသူ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်းချရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း၊ မျက်နှာအကာ ဖြန့်ဝေခြင်းကို ယ​နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။