ကလောမြို့နယ်အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုးတစ်ဦးတွေ့ရှိ
Jan 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် အဆင်းကားများနှင့် ကလောမြို့နယ်အဝင် နန်းပန်တက် စစ်ဆေးရေးဂိတ်တွင် နံနက် ၆ နာရီခွဲမှ ညနေ ၆နာရီအထိ အတက်ကားယဉ်မောင်း၊ ယဉ်နောက်လိုက်များအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို Task Kit ဖြင့်စစ် ဆေးပေးလျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့် က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရှိသည်။