ဒီပဲယင်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Jan 07,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ရွာရှည်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၃၈ ဦးပိုင်အမှတ်၂၃ တောင်သူ ဦးတိုက်ကြီးအောင်၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (IPM) စံပြကွက် (၀.၁၀) ဧက စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမင်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများ ဒေသခံ တောင်သူ တက်ရောက်ခဲ့ကြသည်။