သတင်းများ

ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဗိုလ်တထောင်မြို့နယ် တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်၊ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး‌ ပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြန်မာဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၁)နာရီက ဗိုလ်တထောင်ကမ်းနား နန်းသီတာသ‌င်္ဘောဆိပ်နှင့်ဗိုလ်အောင်ကျော် သဗ္မာန်ဆိပ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် မွေးကင်းစ အသက်(၂)လမှ တစ်နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးခြင်းများဆောင်ရွက်
Jan 07,2021
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် မွေးကင်းစ အသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက် ကျွေးခြင်းများကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာသိမ့်သိမ့်ထွန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းက
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းစေရေး အတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ Mask မတပ်ဆင်သူများအားအသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်း နှင့် Mask campaign  အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား  စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၂) ရပ်ကွက် စပ်စံထွန်းလမ်းနှင့် ညောင်ဦးဖီးလမ်းရှိ ယာယီပျံကျစျေးတွင်  မြို့နယ်  ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ် ညောင်လေးပင်ကျေးရွာတွင် ရေကန်ခြံစည်းရိုးကာရံခြင်းနှင့်ညောင်နီကျေးရွာတွင် ကုန်ထုတ်ဂဝံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jan 07,2021
၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ညောင်လေးပင်ကျေးရွာတွင် ရေကန်သန့်ရှင်း သာယာလှပစေရေး အတွက် ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဒလမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သော Public Shelter ဘက်စုံသုံး အဆောက် အဦကို ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်
Jan 07,2021
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်  ဘေး အန္တရာယ်ဒဏ် ခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းဖြစ်စေရေး၊ ထိရောက်သည့် ကယ်ဆယ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက်
ပေါင်းတည်မြို့နယ်တွင် ဝဲကြီးဆည်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ နွေစပါး စိုက်ပျိုးရေ  ပေးဝေးသွားမည်
Jan 07,2021
ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊   ပေါင်းတည်မြို့နယ်တွင်   ဝဲကြီးဆည်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၅ )ရက်နေ့မှစ၍ နွေစပါးစိုက်ပျိုးရေ  ပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနရုံးမှ သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် လမ်းနယ်နိမိတ် စိုက်ထူခြင်း ဆောင်ရွက်
Jan 07,2021
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌  လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် (၂၀၂၀−၂၀၂၁) တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် မြေသားလမ်းများအား ကွန်ကရစ်လမ်းခင်းဆောင်ရွက်ရန် လမ်းနယ်နိမိတ်များ တိုင်းတာစိုက်ထူခြင်းကို ဇန်နဝါရီလ ၆ ရက်နေ့  မွန်းလွဲ (၁) နာရီခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ပြင်စလူမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက် လိုက်လံနှိုးဆော်
Jan 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့် အညီ ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ၊ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေး ကြေညာချက် များအား ပြည်သူများသို့ လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။