ခရမ်းမြို့နယ်တွင် အုတ်ရေသိုလှောင်ကန်တည်ဆောက်မှုအား ကွင်းဆင်းစစ်ဆေး
Jan 07,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နွေရာသီတွင် သန့်ရှင်းသည့် သောက်သုံးရေ ဖူလုံစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေ သိုလှောင်ကန် တည်ဆောက်နေမှုကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။