သတင်းများ

မူဆယ်နယ်စပ်ကုန်သွယ်ရေး မန့်ဝိန်းဂိတ်အား(၂၄)နာရီစတင်ဖွင့်ပြီ
Jan 06,2021
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကုန်သွယ်ရေး လမ်းကြီးအဖြစ် အသုံးပြုထားသော မူဆယ်-ရွှေလီ (ယူနန်ပြည်နယ်-တရုတ်နိုင်ငံ)၏ အဓိကပို့ကုန် လမ်းကြောင်းဖြစ်သည့် မူဆယ်မန့်ဝိန်းဂိတ်ပေါက်အား နယ်စပ်အာဏာပိုင် နှစ်ဦးနှစ်ဖက် သဘော တူညီချက်အရ ယမန်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်ပ ပို့ကုန်ယာဉ်များဝင်ထွက်ခွင့် စတင်ပြီဖြစ်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က မူဆယ်ခရိုင် နယ်ခြားရေးရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး(၁၅:၀၀)နာရီ၊ မူဆယ်ခရိုင် စုပေါင်းရုံးခန်းမတွင် အတည်ပြုပြောကြားသည်။
ပန်အွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာ အုပ်စု၊ ပန်အွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ် ပန္နက်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းဆောင်သစ်တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် YGN KTV ဆိုင်အား ဝင်ရောက်စစ်ဆေး အရေးယူ
Jan 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၃၇) ရပ်ကွက်၊ အမှတ်(ပ/၁၃) ရှိ YGN KTV ဆိုင်အား ခွင့်ပြုချက်မရဘဲ ဖွင့်လှစ် ထားရှိကြောင်း သတင်းအရ ယမန်နေ့ ည ၁၁ နာရီ ၄၀ အချိန်ခန့်က ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။
ဝိတိုရိယတောင်တက်လမ်း (၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တိုးချဲ့ထားရှိမည်
Jan 05,2021
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဝိတိုရိယတောင်တက်လမ်း(၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော် ရေးဆွဲ ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 05,2021
၂ဝ၂၁ - ၂ဝ၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တနိုင်းမြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 05,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် ၈ နာရီတွင် ကျန်းမာ‌‌ရေးနှင့် အားကစာ၀န်ကြီးဌာနမှ ချမှတ် ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ၁၄ ကြိမ်မြောက် ပရဟိတအသင်းအဖွဲ့ပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
Jan 05,2021
၁၄ ကြိမ်မြောက် ပရဟိတအသင်းအဖွဲ့ပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀)ဆံ အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်ခန်းမ၌ ကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်၌ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်လုပ်ငန်းများဆောင်ရွက်
Jan 05,2021
   မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။