သတင်းများ

ကလောမြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်‎ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ကလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 06,2021
ရှမ်းပြည်နယ်(‎တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ် သရာဖာဒိုဆေးရုံရှိ သင်တန်းသား/သူများအတွက် အထွေထွေဗဟုသုတများ ရရှိစေရန်အတွက် သင်တန်းပို့ချပေး
Jan 06,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သရာဖာဒိုဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း ဆေးရုံးပိတ်ထား လျက်ရှိရာ ဆေးရုံရှိ သင်တန်းသား/သူများအနေဖြင့် အထွေထွေဗဟုသုတရရှိစေရန်နှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအား သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ သင်တန်းကို ယမန်နေ့က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၂၅၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ပေးအပ်
Jan 06,2021
လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ အတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Jan 06,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မအူပင်မြို့တွင် ရပ်ကွက်/ ကျေးရွာများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ထုတ်ပေးခြင်းဆောင်ရွက်
Jan 06,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးနှင့် သဘာဝဘေးအန္တရာယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် မအူပင် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထုတ်ပေးခြင်းနှင့် စနစ်တကျ ဝတ်ဆင်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့သည်။
ဆီးသီး အသီးသီးနှုန်းကောင်းသော်လည်း အရောင်းအဝယ်အေး
Jan 06,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာရှိ ဆီးခြံစိုက်ပျိုးသူများ ဆီးသီး(ဆီးပန်းသီး) အသီးသီးနှုန်းကောင်းသော်လည်း ဆီးသီးရောင်းချချိန် ဝယ်မည့်သူမျှော်နေရ ကြောင်း တူရွင်းဘို့ကျေးရွာ ဆီးခြံစိုက်ပျိုးရောင်းချသူ ဦးပြုံးချိုထံက သိရသည်။
ညောင်ဦးမြို့နယ်ထွက် ပဲတီစိမ်းများ တစ်တင်း ၃၉၀၀၀ ကျပ်နှုန်း ရောင်းချနေရ
Jan 06,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းများ စပေါ်ချိန်မှ တုန်းချိန်အထိ တစ်တင်းလျှင် ၃၉၀၀၀ ကျပ်ဖြင့် ဆက်တိုက်ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးသန်းထိုက် ထံက သိရသည်