သတင်းများ

နောင်ချို၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Jan 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောင်းကုန်းမြို့တွင် နှစ်ရက်အတွင်း ကိုဗစ်ပိုး (၆) ဦးတွေ့ရှိပြီး တစ်ဦးသေဆုံး
Jan 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းအုပ်စု၊ ရေတွင်းကန့်လန့်ကျေးရွာမှ အမျိုးသမီးတစ်ဦး အနံ့ပျောက်သဖြင့် ကျန်းမာရေးဝန်ထမ်းအား အသိပေးပြောကြားသောကြောင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသူများနှင့် Volunteer များအား ဂုဏ်ပြုသည့် အခမ်းအနားကျင်းပရန် လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များက ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန​ရုံး အစည်းအ​ဝေးခန်းမတွင် ညှိနှိုင်း​ဆွေး​နွေးခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် Online မှ တဆင့် သင်ကြားပို့ချပေးမည့် အဆင့်မြင့်စာကြည့်တိုက် ပညာနှင့် စာကြည့်တိုက် နည်းပညာသင်တန်း ၁/၂၀၂၁ အား ဖွင့်လှစ်
Jan 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက် အသင်း (MLA)က ကြီးမှူးဖွင့်လှစ်သော Onile မှ တဆင့် သင်ကြားပို့ချပေးမည့်
မြန်မာ့ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် US ICT Council Myanmar တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး
Jan 06,2021
ကမ္ဘာ့အကြီးမားဆုံးနှင့် တီထွင်ဆန်းသစ်မှုအရှိဆုံး နည်းပညာကုမ္ပဏီပေါင်း များစွာပါဝင်သည့် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (US ICT) ကောင်စီနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့သည် ယမန်နေ့တွင် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ကြသည်။
သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာအုပ်စု သဲကျောလေးကျေးရွာ၊ သဲကျောကြီးကျေးရွာ၊ သရက်ကုန်း ကျေးရွာများတွင် (NEP) အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းရေးအောင်ပွဲကျင်းပ
Jan 06,2021
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင် အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင် အတွင်းရှိ ကျေးရွာများအား မီးလင်းနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုပြင်​ပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု Mask and Face Shield Campaign ပြုလုပ်
Jan 06,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြင့်​ ဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးတွင် ယမန်​နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုပြင်​ပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု (Mask& Face Shield Campaign)ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် "ကိုဗစ် - ၁၉ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပမည်
Jan 06,2021
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူငယ်ရေးရာ ကော်မတီမှ စီစဉ်ကျင်းပသော "ကိုဗစ် - ၁၉ ကာလအတွင်း ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ " ခေါင်းစဉ်ဖြင့် စကားဝိုင်းကို ဇန်နဝါရီလ ၇ ရက်နေ့ ညနေ (၆) နာရီခွဲတွင် Zoom Video Conferencing စနစ်အသုံးပြု၍ Facebook Live ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။