အသက် (၇၂) နှစ်အရွယ် အဖွားအိုသေဆုံးပြီးမှစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 05,2021
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခအုပ်စု၊ ကွင်းဝစုကျေးရွာတွင် နေထိုင်ပြီး၊ နာတာရှည် အဆုတ်ရောင်ရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူအသက် (၇၂) နှစ်အရွယ် အဖွားအိုတစ်ဦးသည် လွန်ခဲ့သော (၃) ရက်ခန့်က စတင်ဖျားနာကာ ယနေ့နံနက်ပိုင်းတွင် မောကျပ်၍ အိမ်တွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးမှုကိုသံသယရှိ၍ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ အတည်ပြုလူနာအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ချက်ချင်းသင်္ဂြိုလ်ပြီးစီးပါကြောင်း ကျန်းမာရေးဌာနက သိရသည်။