သတင်းများ

ကော့ကရိတ်မြို့၌ ဘဏ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်နာရမည့် အချက်များဆွေးနွေး
Jan 05,2021
            ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌  ဘဏ်များတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို  စစ်ဆေးအကြံပြုတင်ပြနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့ နံနက်(၁၀)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာ ရွှေကျီးယုံ သမိုင်းဝင်ဘုရာကြီး ရင်ပြင်တော် ကွန်ကရစ်ပတ်လမ်း ခင်းနိုင်ရေး မြေကြီးလိုင်းများတူးဖော်လျှက်ရှိ
Jan 05,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ ရွှေကျီးယုံဘုရားသို့ ဘုရားဖူးလာသူများ စိတ်အေးချမ်းစွာဘုရားဖူးနိုင်ရေးအတွက် ဘုရားရင်ပြင်တော် ကွန်ကရစ် ပတ်လမ်း ခင်းနိုင်ရေး သံရွာနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြေကျင်းတူးဖော်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ(၅)ရက် နံနက်(၁၀)နာရီက ရပ်မိ၊ ရပ်ဖ ဦးမောင်မြင့်၊ ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းနှင့် ကျေးရွာသူ၊ရွာသားများနှင့်အတူ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်
Jan 05,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများသည် ယနေ့နေ့လယ် ၁ နာရီအချိန်က သစ်တိုဆိပ် ကျေးရွာအုပ်စု တောင်သူ ဦးမျိုးမင်းဇင်၏ လယ်မြေ (၁၀) ဧကတွင် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်သည်။
ညောင်လေးပင်မြို့ အင်္ဂါဆွမ်းလောင်းအသင်းမှ ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Jan 05,2021
ကိုဗစ်-၁၉ ကာလ သံဃာတော်အရှင်သူမြတ်များ ဆွမ်းကိစ္စပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်လုံး ဆိုင်ရာ အင်္ဂါဆွမ်းလောင်းအသင်းကြီးမှ ကြီးမှူးကာ ပထမ အကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ(၅)နာရီအချိန် အထိ လောင်းလှူခဲ့ကြသည်။
မြောင်းမြမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း maskများ အခမဲ့ဖြန့်ဝေပေး
Jan 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်စည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြောင်းမြမြို့အဝင် ကွယ်လွယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ဆောင်းသီးနှံ နေကြာ နှင့် ပဲပုတ်သီးညှပ် စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Jan 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ဆောင်းသီးနှံ အဖြစ် နေကြာနှင့်ပဲပုတ်သီးနှံ သီးညှပ်စံပြကွက် အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ကြောင်းနှင့် နည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု ၊ ဝမ်ပုံ ကျေးရွာရှိ တောင်သူ ဦးမောင်ငွေ၏ လယ်ကွက် တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်း နှင့် ဝန်ထမ်းများ ၊ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအား ချပြရှင်းလင်း
Jan 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအား သက်ဆိုင်ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ TPIC များ၊ သက်ဆိုင်ရာကျေးရွာ ကော်မတီများနှင့် ချပြရှင်းလင်းခြင်းကို ယနေ့ နံနက်က အဆိုပါရုံးအစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်လောင်း ရွေးချယ်ကျင်းပ နိုင်ရန် ညှိနှိုင်းဆွေးနွေး
Jan 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စည်ပင်သာယာရေး ကော်မတီဝင် လောင်း ရွေးချယ်ပွဲပြုလုပ်နိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီရွေးချယ်ရေးကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။