သတင်းများ

ညောင်လေးပင်မြို့နယ်၌ မွေးစမှ (၁)နှစ်ခွဲ အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးပေး
Jan 05,2021
ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်၌ ကလေးများကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်း များကို ဇန်နဝါရီ ၅ရက်နေ့ နံနက် ၁၀နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ရပ်ကွက်များနှင့် ကျေးရွာများရှိ ကျန်းမာရေးဌာန/ဌာနခွဲများ၌ ဆေးထိုးနှံပေးလျက်ရှိသည်။
နတ်တလင်းမြို့နယ်အတွင်းရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများအား စတုတ္ထအကြိမ် ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း
Jan 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ပရဝဏ်များအတွင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော သီလရှင် ဆရာကြီး၊ ဆရာလေး (၁၉၅) ပါးတို့အား ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက ကျောင်းတိုက်များသို့သွားရောက်လှူဒါန်းကြသည်။
ကျောက်တံခါးမြို့နယ်တွင် (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး
Jan 05,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၅)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့အား ယနေ့နံနက်(၉)နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆောင်ရွက်ခဲ့သည်။
ခိုင်ကမ်းမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး
Jan 05,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရုံးခန်း၌ ယနေ့နံနက် ၁၀ အချိန်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန် အစောဆုံးပြီးစီးအောင် ဆောင်ရွက်သူ မြေစာရင်းဝန်ထမ်း များအား ဆုချီးမြှင့်
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လယ်ယာစာရင်းအင်းဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန်အစောဆုံး ပြီးစီးအောင်‌ ဆောင်ရွက်သူမြေစာရင်း ဝန်ထမ်း များအား ယနေ့ နံနက် ၁၁ နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများ ပေးအပ်
Jan 05,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ္ပျာကျင်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့က ဇန်နဝါလ (၄) ရက်နေ့က ထောက်ပံ့ငွေများ သွာရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇလွန်မြို့နယ် စာရေးဆရာအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကျင်းပ
Jan 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စာရေးဆရာအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်၌ မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်းအမှတ်စဉ် (တိုင်းဒေသကြီး /ပြည်နယ်-၂) သင်တန်းဖွင့်လှစ်
Jan 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်း၌ မြေတိုင်းတာခြင်းနှင့်မြေစာရင်း သင်တန်းအမှတ်စဉ် (တိုင်းဒေသကြီး /ပြည်နယ်-၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၅ ရက်နံနက် ၉ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်း တာဝန်ရှိသူများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ သင်တန်းသားများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားသည်။