သတင်းများ

ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်စေတနာရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ပါးစပ်နှင့်နှာခေါင်း စည်း(Mask) ၁၃၆၀၀ ပြည်သူများထံပေးဝေ
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၃၆၀၀ အား ပြည်သူများထံ ယနေ့နံနက်ပိုင်း က သွားရောက်ပေးဝေခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ၀န်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး
Dec 22,2020
ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲရုံးတွင် ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများစတင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် ဆောင်းသီးနှံ ပဲတီစိမ်း (ရေဆင်း-၁၅)မျိုး စမ်းသပ်စိုက်ပျိုးကွက် ဖြစ်ထွန်းအောင်မြင်
Dec 22,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ ဈေးကွက်လိုလားချက်နှင့် စီးပွားရေး တွက်ခြေကိုက်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းမှ တောင်သူများ ဝင်ငွေ ပိုမိုရရှိစေပြီး သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်လာစေရန် ရည်ရွယ်၍ နားယောင်းကျေးရွာအုပ်စု အတွင်း ကွင်းအမှတ် (၆၂)၌ ဆောင်းသီးနှံပဲတီစိမ်း (ရေဆင်း-၁၅)မျိုး စမ်းသပ်စိုက်ပျိုးကွက် သီးနှံ ဖြစ်ထွန်း အောင်မြင်နေမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု၍ ယူရီးယားနှင့် လက်ချားဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တုံတာမြို့တွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖင့်လှစ်ရာတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၉နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်
Dec 22,2020
တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ညနေ (၆)နာရီအချိန် က နေရပ်ပြန်ပြည်သူ (၉)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
မတ္တရာမြို့ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦး၌ ရောဂါပိုးတွေ့ရှိ
Dec 22,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်၁၉ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kitဖြင့် ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က ယာဉ်မောင်း အမျိုးသား ၁ ဦးတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။
ကျုံပျော် မြို့မဈေးအတွင်း စျေးရောင်းချသူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေး
Dec 22,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်းချသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း(Mask) များ (အခမဲ့) ဖြန့်ဝေ
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရေး အသိပညာပေးခြင်းများနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ပြည်သူများထံ ပါးစပ်နှင့်နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။