သတင်းများ

သီပေါမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ(DMO) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(DMO) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ သီပေါမြို့နယ်ခရီးစဉ်ဒေသ စီမံခန့်ခွဲ့မှုကော်မတီ (DMO) ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 22,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ လှူဒါန်းလျက်ရှိ
Dec 22,2020
ပြင်ဦးလွင်မြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများကို ပြင်ဦးလွင်မြို့နယ်၊ ကိုဗစ် − ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အလက(၂၂) Quarantine Center အတွက် KN 95 (Mask)နှာခေါင်းစည်းများနှင့် Swap Test Room ယာဉ်အတွင်းခန်းပြင်ဆင်ရန် အလှူငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်း
Dec 22,2020
မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ အလက(၂၂) Quarantine Center အတွက် KN 95 (Mask) နှာခေါင်းစည်းများနှင့် Swap Test Room ယာဉ်အတွင်းခန်းပြင်ဆင်ရန် အလှူငွေကျပ်(၅)သိန်း ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုသာန် အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း အပိုင်း (၂) ရာနှုန်းပြည့်ပြီးစီး
Dec 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး နှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တွန်းဇံမြို့၌ Quarantine Center ထပ်မံပြင်ဆင်ဆောင်ရွက်လျက်ရှိ
Dec 22,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်းတွင် Quarantine Centre ထပ်မံပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တန့်ယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပတ်စဉ်လေ့ကျင့်လျက်ရှိ
Dec 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အပတ်စဉ်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များ အားကွင်းဆင်းကြည့်ရှု
Dec 22,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်း က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။