သတင်းများ

တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် ပစ္စည်းများလာရောက် လှူဒါန်း
Dec 22,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများအား ယမန်နေ့က စေတနာရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ စည်ပင်သာယာဈေးများနှင့် ဈေးဆိုင်များ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချရေး အဆက်မပျက် စစ်ဆေး
Dec 22,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးများ၊ ဈေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုသာန် အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း အပိုင်း (၂) ရာနှုန်းပြည့်ပြီးစီး
Dec 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး နှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန်းရပ်ကွက် ကားလမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Dec 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန်းရပ်ကွက်ကားလမ်းမကြီး တစ်လျှောက်တွင် လမ်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ကောင်ဝိန်းရပ်ကွက်ပြည်သူများက ယမန်နေ့ ညနေ ၃နာရီခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Dec 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်/ရပ်ကွက်များအတွင်း မီးဘေး အန္တရာယ် ကင်းဝေးစေရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မကွေးခရိုင် မြို့သစ်မြို့​ စျေးရပ်ကွက်ရှိ ဗိုလ်မင်းရောင်လမ်း အုတ်စီရေမြောင်း ဆောင်ရွက် ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Dec 22,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့် ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းစေရန်အတွက် မြို့တွင်း ရပ်ကွက် များတွင် ရေမြောင်း များတူးဖော်ခြင်း ၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေ စေရေးအတွက် လမ်းနှင့်တံတားများ ကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်
မိုင်းကိုင်မြို့နယ်အတွင်း ထောက်ပံ့ကြေးလာရောက်ထုတ်ယူခြင်းမရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့
Dec 22,2020
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်နှင့် ကလေး ငယ်များအား ထောက်ပံ့ကြေးများကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလမှစတင်၍ ထောက်ပံ့ပေးလျက်ရှိရာ ဒီဇင်ဘာလ ဒုတိယပတ်အထိ လာရောက်ထုတ်ယူနိုင်ခြင်းမရှိသေးသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းနှမ်းသီးနှံများစိုက်ပျိုး
Dec 22,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သော နှမ်း သီးနှံကို စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ၂၀၂၀-ပြည့်နှစ် မိုးရာသီကာလတွင် မိုးဦး မိုးနည်းပါးခြင်း၊ မိုးရွာ သွန်းမှုအကြိမ်ရေနည်းပါးခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးရာ၌ အထွက်နှုန်း ညံ့ဖျင်းသဖြင့် တောင်သူများ အဆင် မပြေကြကြောင်း၊ မိုးဦးမိုးဖြင့် ဝါသီးနှံစိုက်ပျိုးရာတွင်လည်း မိုးနည်းပါးသဖြင့် ဝါအပင်များ ရှင်သန်သော် လည်း ဝါထွက်နှုန်းသိသိသာသာ ကျဆင်းလာကြောင်း သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် ဆီစားသုံးနိုင်ရန်အတွက် ဆောင်းနှမ်းများကို ကျေးလက် တောင်သူ များက စတင်စိုက်ပျိုးလာကြကြောင်း လျှော်တောင်ရွာမှ တောင်သူ ဦးမြင့်ဦး ကပြော သည်။