မိုင်းပျဉ်းမြို့ နဝဒေးလမ်းမြေသားမှ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်တွင်းစည်ပင်သာယာလှပရေးလုပ်ငန်းများ ၊ပြည်သူများသွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၄၅)သိန်းဖြင့် နဝေဒေးလမ်းအား အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မရှိသော နဝေဒေးလမ်းမြေသားမှ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။