သတင်းများ

ဝက်လက်မြို့နယ် မကျီးတုံကျေးရွာတွင် (CERP) စနစ်ဖြင့် စိုက်ပျိုးသည့် ပေါ်ဆန်းရင်မိုးစပါး စံပြကွက် ရိတ်သိမ်း
Dec 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မကျီးတုံကျေးရွာတွင် (CERP)စနစ်ဖြင့် စိုက်ပျိုး ထားသော ပေါ်ဆန်းရင် မိုးစပါးစံပြကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် အသက်(၂) လခွဲအရွယ် မိန်းကလေးငယ် တစ်ဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၁) ဦးဆေးရုံမှ ထပ်မံဆင်းခွင့်ရရှိ
Dec 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာ ကျေးရွာ က မိခင်နှင့် အသက်(၂) လခွဲအရွယ် မိန်းကလေးငယ် တစ်ယောက် အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၁) ယောက်ကို ဒီကနေ့ ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပေး လိုက်တယ်လို့ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ကပြောပါတယ်။
သန်လျင်မြို့ အမှုထမ်းရပ်ကွက် ရွှေဝါလမ်းသွယ် (၂)၌ မီးလောင်မှုဖြစ်ပွား
Dec 20,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမှုထမ်းရပ်ကွက် ရွှေဝါလမ်းသွယ်(၂)ရှိ အိမ်ရှင်ဒေါ်ခင်နှင်းပုလဲ၏ နှစ်ထပ်သွပ်မိုး ပျဉ်ကာ နေအိမ်တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး မီးလောင် ကျွမ်းရာ နေအိမ်ခြေရင်းနှင့် ခေါင်းရင်းအိမ် များသို့ အနည်းငယ် ကူးစက်လောင်ကျွမ်းခဲ့သည်။
ဒေးဒရဲမြို့ရှိ Facility Quarantine Centre များသို့ အလှူငွေများ လာရောက်လှူဒါန်း
Dec 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre များရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် Quarantine ဝင်ရောက်လျက် ရှိသူများအတွက် အလှူငွေများ၊ ထမင်းဗူးနှင့် ရေသန့်ဗူးများအား ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သိန္နီမြို့တွင် လမ်းသွားလမ်းလာခရီးသွားပြည်သူများအား(Mask Campaign) ပြုလုပ်
Dec 20,2020
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယနေ့နံနက်ပိုင်းက သိန္နီကွမ်းလုံလမ်းခွဲ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ်၊
မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲဆောင်ရွက်
Dec 20,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၅)က တာဝန်ယူတည်ဆောက်မည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တံတား(၁၁)စင်းအတွက် လိုအပ်သော တံတား တည်ဆောက်ရေး ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆောင်ရွက်သည်။
တပ်ကုန်းမြို့နယ်တွင် စပါးရိတ်သိမ်းသရုပ်ပြခြင်းနှင့် ကောက်ရိုးစု၊ကောက်ရိုးထုံးစက်တို့ဖြင့် သရုပ်ပြခြင်းဆောင်ရွက်
Dec 20,2020
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပေါ်ဆန်းဘေးကြား စပါးရိတ်သိမ်းသရုပ်ပြခြင်းနှင့် ကောက်ရိုးစု၊ ကောက်ရိုး ထုံးစက်တို့ဖြင့် သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင် အုပ်စု၊ ကွင်းအမှတ် (၁၃၁၉) ကွင်း၊ တောင်သူ ဦးတင်ထွန်းအောင်၊ ဦးစိုးနိုင်တို့ ပိုင်ဆိုင်သည့် မိုးစပါး ကောက်စိုက်စက် စံပြစိုက်ခင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့၌ လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာ မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
Dec 20,2020
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လူငယ်ရေးရာမူဝါဒနှင့်မဟာဗျူဟာမိတ်ဆက်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ကျင်းပသည်။