သတင်းများ

လေးမျက်နှာမြို့နယ် လဟာကြီး ကျေးရွာအုပ်စု၊ စဉ်ကူးကျေးရွာ ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP) ကျေးရွာကော်မတီဝင်ရွေးချယ်
Dec 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် လဟာကြီး ကျေးရွာအုပ်စု၊ စဉ်ကူးကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Dec 21,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နေ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့များ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် အသိပေးနှိုးဆော်ခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် သောက်သုံး​ရေအဆင်​ပြေ​စေရန် ထီးမကျူခီး​ကျေးရွာ ​အုတ်စီ​ရေကန်နှင့် ​ရေပိုက်သွယ်တန်း ခြင်း စတင်​ဆောင်ရွက်
Dec 21,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ​​ပိုးပ​လေကျေးရွာအုပ်စု ​​ထီးမကျူခီးကျေးရွာ အုတ်စီ​ရေကန်နှင့်​ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၉ရက်​နေ့ က စတင် ကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Dec 21,2020
ခြောက်သွေ့ရာသီကာလသို့ ဝင်ရောက်လာပြီဖြစ်၍ သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဉီးအောင်ကျော်ထွေး ဦးစီး သည့် မီးသတ် တပ်ဖွဲ့ဝင်များသည်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ပြည်သူများ မှ လိုက်နာ ဆောင်ရွက် ရမည့်အချက်များကို၊ ဒီဇင်ဘာလပထမပတ်မှစတင်ကာ ညပိုင်း၌ မီးသတ် ယာဉ်ဖြင့် ရပ်ကွက် အသီးသီးတွင်၊ ရက်သတ္တပတ်လျှင်၃ရက် နှိုးဆော်အသိပေး ဆောင်ရွက် ကြောင်းသိရသည်။
သိန္နီမြို့နယ်တွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Dec 21,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင်နှင့်၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးမိုင်းညွန့်လှိုင်တို့ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
Dec 21,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့တွင် တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှ နေ့စဉ် နံနက်နက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖြတ်သန်းဝင်ရောက်လာသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် စီးနှင်းလိုက်ပါလာသော ခရီးသည်များအား ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားထောက်ခံချက်၊ ရောဂါကင်းရှင်းကြောင်း ဆေးထောက်ခံ ချက်များ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းရေးသွင်းခြင်းများ အပြင်ကိုယ် အပူချိန်တိုင်းခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် အလေးထား လိုက်နာရေး အသိပညာပေးခြင်းနှင့် Mask များကိုအခမဲ့ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ကျေးလက်တောရွာများတွင် အဓိက ပို့ဆောင်ရေးယဉ်အဖြစ် ယနေ့တိုင် အသုံးပြုခဲ့ကြသည့် မြန်မာတို့၏နွားလှည်း
Dec 21,2020
နွားလှည်းကို ရှေးခေတ် ဘုရင်များလက်ထက်မှစ၍ အသုံးပြုခဲ့ကြသော နှစ်ဘီးတပ် သယ်ယူ ပို့ဆောင်ရေး ယဉ်တစ်မျိုးဖြစ်သည်။ နှစ်ဘီးတပ် လှည်းများတွင် နွား၊ မြင်းစသော တိရစ္ဆာန် အမျိုးမျိုးဖြင့် ဆွဲရသောလှည်းများ ရှိသကဲ့သို့ လူဆွဲ၊ လူတွန်းရသော လှည်းမျိုးများလည်းရှိသည်။ မြန်မာ နိုင်ငံတွင် ယခုအခါ နိုင်ငံခြားမှ စက်တပ်ယာဉ်များ ဝင်ရောက်အသုံးပြု နေကြပြီဖြစ် သော်လည်း ကျေးလက်တောရွာများတွင် နွားလှည်းများကို လက်လွတ်မခံနိုင်သေးဘဲ ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာသစ်(၅၇)ဦး ထပ်တိုး
Dec 21,2020
မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ သစ်(၅၇)ဦး ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၁၉၅)ဦး ရှိပြီဖြစ်ကြောင်း တိုင်းဒေသသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်အရ သိရသည်။