သတင်းများ

ကျွန်းစုမြို့တွင် ဝေလငါးမန်း(ဒေသအခေါ် ဝစီပျောက်) ငါးကြီးတစ်ကောင် သေဆုံးခဲ့ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေး
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာ၊ ပဲ့ကလက်အလုပ်စခန်း အနီးတွင် ဝစီပျောက် ငါးကြီးတစ်ကောင် သေဆုံးကာ ရေပေါ်မျောနေကြောင်း ဒီဇင်ဘာလ(၁၆)ရက်နေ့ ညပိုင်းက ဒေသခံတစ်ဦးမှ သတင်းပေးပို့လာခဲ့ပြီး ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Dec 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထင်းတန်းကျောင်းလမ်းသွယ် (၁) ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီး စီးမှုအား ကွင်းဆင်းစစ်ဆေး
Dec 18,2020
ရေစကြိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်ရှိ အမှတ်(၁)ရပ်ကွက်၊ ထင်းတန်းကျောင်း လမ်းသွယ် (၁) ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက် ၉ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
မင်းဘူးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄) ဦး ဆေးရုံဆင်းခွင့်ရရှိ
Dec 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄) ဦးကို ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ တင့်ခိုင်က ပြောသည်။
ခရိုင်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၀) ကျင်းပ
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ် အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်သည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ (၁၀) နာရီအချိန်ခန့်က လပွတ္တာခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းလုံမြို့၌ စာဖတ်ဝိုင်းကျင်းပ
Dec 18,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့ နေ့လယ်(၁၁) နာရီအချိန်ခန့်က Book Club အဖွဲ့ဝင်များ နှင့် စာပေဝါသနာရှင်များက စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ခြင်း နှင့် ကော်မတီဖွဲ့စည်း၍ ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ခြင်းဆောင်ရွက်
Dec 18,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် မည့်ကျေးရွာ (၁၇) ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက် ခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျေးရွာ များတွင် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျေးရွာအားလုံး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပြင်စလူမြို့တွင် မသန်စွမ်းသူများအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မသန်စွမ်းသူများ အသိပညာပေး (Talk Show)အစီအစဥ်ကို ယနေ့နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။