သတင်းများ

လေရှီးမြို့နယ်အတွင်းရှိ (A) အဆင့်သတ်မှတ်ခြင်း ခံထားရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေး
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် (A) အဆင့် သတ်မှတ်ခြင်းခံရထားရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးဦး ဝင်းနိုင်မြင့် ဦးဆောင်၍ ကျန်းမာရေး၊ စည်ပင်၊ရဲ ၊ မီးသတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရှောင်တခင်ဝင် ရောက်စစ် ဆေးခဲ့သည်။
သာစည်မြို့နယ်တွင် မေမြို့ပန်းများ ထွက်ရှိချိန် ဝယ်ယူသူများ နည်းပါး၍ စျေးနှုန်း ကျဆင်း
Dec 18,2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မေမြို့ပန်းများ ထွက်ရှိချိန် ဝယ်ယူသူများ နည်းပါး၍ စျေးနှုန်း ကျဆင်းလျက် ရှိကြောင်း မေမြို့ပန်းစိုက်ပျိုးသူထံမှ သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံများ ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Dec 18,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်(၁၀)နာရီက PPEဝတ်စုံများ ၊ ကျန်းမာရေး သုံးပစ္စည်းများနှင့် အလှူငွေတို့ကို လာရောက် လှူဒါန်းကြောင်းသိရသည် ။
ကွမ်းလုံမြို့ စည်ပင်သာယာရေးကော်မတီမှ မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Dec 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အများပြည်သူ အပန်းဖြေနိုင်ရန်နှင့် မြို့နယ် သာယာလှပရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို သိန်း(၃၀၀) ကျော်ဖြင့် ပြုလုပ်ဆောင်ရွက်ရန် လျာထားလျက်ရှိရာ မိသားစုနှင့်သူငယ်ချင်းများ စွမ်းအားကုမ္ပဏီမှ ဆောင်ရွက်လျက် ရှိသည့် အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမတည်ရင်းနှီးငွေကျပ် (၁၃၂၃.၅) သိန်းဖြင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြည်ကြီးမဏ္ဍိုင်မြို့ မီးသတ်တပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းစစ်ဆေး
Dec 18,2020
ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာချိန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူများ အလေးထား သတိရှိရှိ ကြိုတင်ကာကွယ်ဆောင်ရွက်ရန်အတွက်
ပေါက်မြို့နယ်၌ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန် မြေပြင်၊ ထွန်ယက်ခြင်း လုပ်ငန်းများကို ခေတ်မီလယ်ထွန်စက်များနှင့် ဆောင်ရွက်
Dec 18,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများ ဆောင်းသီးနှံမျိုးစုံ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မြေပြင်၊ ထွန်ယက်ခြင်းလုပ်ငန်းများကို ခေတ်မီလယ်ထွန်စက်များနှင့် နေ့ရောညပါ ဆောင် ရွက်လျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျိုက်လတ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ နေ့လယ် (၁) နာရီက စာရေးဆရာအောင်သင်း ရေးသားသော ''နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ '' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။