သတင်းများ

မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သားငါးဆိုင်များနှင့် ကုန်စုံဆိုင်များအား အထူးကြပ်မတ်ဆောင်ရွက်
Dec 18,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များသည် မြို့မဈေးနှင့်ကုန်စိမ်းနှင့် သားငါးယာယီဈေးတို့ရှိ သားငါးဈေးဆိုင်နှင့် ကုန်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကိုဆက်လက် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊မရှိတို့ကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲကြုံနေရသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း
Dec 18,2020
သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ညောင်ဦးမြို့ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်
Dec 18,2020
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပတ်သက်၍ပြည်သူတို့တိုက်တွန်းအကြံပြုချက် နှင့် သိရှိလိုက်နာရမည့်အချက်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ပေါ် (၆)ရပ်ကွက်တွင် ယနေ့နံနက်၈နာရီခန့်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် Mask၊ Face Shield အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Dec 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask တပ်ဆင်သွားလာရေးအတွက် အပတ်စဉ်တိုင်း Mask Campaign ပြုလုပ်ပြီး Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲက မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် C4M Mobile Application အသုံးပြု နည်း သင်တန်းဖွင့်လှစ်ပို့ချ
Dec 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ် ဆရာ / ဆရာမများအား စာသင်ကျောင်းတစ်ကျောင်းချင်းအလိုက် အချက်အလက်များ ဖြည့်သွင်း ခြင်း ဆောင်ရွက်ရာ တွင် C4M Mobile Application အသုံးပြုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စေတုတ္တရာမြို့ အ.ထ.က ကျောင်း ခန်းမဆောင်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရ သည်။
ရန်ကင်းမြို့နယ် We Love Yangon (Yankin) ပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များ လှူဒါန်း
Dec 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အလုပ်အကိုင်ရှားပါး၍ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ယမန်နေ့ နေ့လယ် က We Love Yangon (Yankin ) လူထုအခြေပြုပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉စစ်ဆေးရေးဂိတ်၌ တာဝန်ကျဝန်ထမ်းများနှင့် နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်နေသူများအား နေ့လယ်စာ ထမင်းထုပ်(၂၅၈)ထုပ်လှူဒါန်း
Dec 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များအား စစ်ဆေးသည့်ဂိတ်၌ တာဝန်ထမ်းဆောင်နေကြသူများနှင့် ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူများအား ယမန်နေ့ နံနက်(၁၀)နာရီက နေ့လယ်စာ အဟာရအဖြစ် ထမင်းထုပ်(၂၅၈)ထုပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။