သိန္နီမြို့တွင် မြို့အဝင်မုခ်ဦးဆိုင်းဘုတ်အသစ် တည်ဆောက်နေသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Dec 18,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့မြို့အဝင်မုဒ်ဦးဆိုင်းဘုတ် အသစ်တည်ဆောက်ခြင်း လုပ်ငန်းမှာ၂၀၁၉ -၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါဝင်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။