သိန္နီမြို့တွင် မြို့တွင်းလမ်း ကောင်းမွန်စေရေးအတွက် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Dec 17,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ရပ်ကွက်(၃) အတွင်းရှိ မြို့တွင်းလမ်းဖြစ်သော မဂ္ဂင်လမ်း (သူဇာလမ်းနှင့်ဂန္ဓမာလမ်းကြား)၌ ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ(ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက် နေသည့် လုပ်ငန်းဖြစ်ပြီး ယနေ့ မွန်းလွဲ ပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးညီညီမောင်ဦးဆောင်၍ တာ၀န်ခံ အင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်း ပါ၀င်ကာ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။