သတင်းများ

မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ လျှပ်စစ်မီးရရှိ၍ မီးလင်းရေးအောင်ပွဲကျင်းပ
Dec 17,2020
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ပုတီးကုန်းကျေးရွာ မီးလင်းရေးအောင်ပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာ ထရန်စဖော်မာ တည်ရှိရာ ဘုရားစေတီကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ရေး ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 17,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ပါးစပ်၊ နှာခေါင်းစည်း(Mask)မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်း ရှိ (၃၂)ရပ်ကွက်အတွင်းနှင့် ကျောင်းလမ်းမှတ်တိုင်၊ ပင်လုံလမ်းမကြီးပေါ် တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ‌ ပေးအပ်လှူဒါန်း
Dec 17,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ‌ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ၁၃ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား တာဝန်ရှိသူများက နှာခေါင်းစည်း (၂၀၀၀)ကျော်ကို အခမဲ့ဖြန့်ဝေ
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ တညင်းကုန်း ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း(၂၀၀၀)ကျော်ကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပလောက်မြို့ အမှတ်(၄)ရပ်ကွက်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး
Dec 17,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၄)ရပ်ကွက်တွင် ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပလောက်မြို့ မီးသတ်ဉီးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ် အမျိုးသမီးကော်မတီမှ နှာခေါင်းစည်းများ နေရာလေးနေရာတွင်ဖြန့်ဝေ
Dec 17,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမျိုးသမီးကော်မတီမှ ဦးဆောင်ကာ ပုဂံမြို့နှင့် ညောင်ဦး မြို့နယ်အတွင်း နေရာ လေးနေရာတွင် ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ နှာခေါင်းစည်းများ အိမ်အပြင်ထွက်သူတိုင်း တပ်ဆင်သွားလာစေရေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ယာဉ်တိုက်မှုလျှော့ချစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်
Dec 17,2020
မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သံတံတားရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် မြေသာပြုပြင်ခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန် အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် မြေသားပြုပြင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။