သတင်းများ

နမ့်စန်တွင် ငွေဖြိုး(ဈေး) သမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်း အဝေး နှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Dec 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ငွေဖြိုး(ဈေး) သမဝါယမအသင်း လီမိတက် ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေး နှင့် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်း သား/သူများ၏ သားသမီးများကို ဂုဏ်ပြု ငွေချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၁၇ရက် နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်း အဝေးခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် သိရှိလိုက်နာရမည့် အသိပေးချက်များကို ဒေးဒရဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ဆောင်ရွက်
Dec 17,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ် သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများ သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ(၉)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရရှိ
Dec 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၉)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယမန်နေ့ ညနေပိုင်းက ဆေးရုံ မှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ မှန်ကန်မှု ရှိ/မရှိ လိုက်လံစစ်ဆေး
Dec 17,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်ခြောက် ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Ajinomoto ဟင်းခပ်အချိုမှုန့်များနှင့် မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော မုန့်ဆိုင်များမှ စားသောက်ကုန် မုန့်မျိုးစုံပစ္စည်းများ၌ တံဆိပ်၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်ဈေးနှင့် အမှတ်(၁၂) ရပ်ကွက် အတွင်းရှိ ဈေးဆိုင်များတွင် လိုက်လံစစ်ဆေးသည်။
နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၅ ဦးကို လွှဲပြောင်း ပို့ဆောင်ပေး
Dec 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၇ ဦး၊ ကလေးမ ၂ ဦး စုစုပေါင်း ၁၅ ဦး တို့ကို မြန်မာတာဝန်ရှိပုဂ္ဂိုလ်များမှ ယမန်နေ့ နေ့လည်အချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညောင်ပင်လေးစျေးတွင် Mask Campaign ပြုလုပ်
Dec 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ ခြင်းများကို ယမန်နေ့က အမှတ်(၇)ရပ်ကွက် ညောင်ပင် လေးဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြ၌ မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြောင်းမြမြို့နယ် မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။