သတင်းများ

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၆ ) ဦး ဆေးရုံဆင်းခွင့်ရရှိ
Dec 17,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်သည့် ဘုန်းတော်ပြည့်ကျေးရွာမှ (၁)ဦး၊ အိုင်ဇောက်ကျေးရွာမှ (၃)ဦး၊ န-ဂွေးချိုကျေးရွာမှ (၁)ဦး၊ ဝါပန်းကျေးရွာမှ (၁)ဦး ၊ စုစုပေါင်း (၆) ဦးတို့အား ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ကြောင်း သိရသည်။
နမ့်ခမ်းမြို့ မြို့နယ်လုပ်ငန်းရှင်စိစစ်ရေးကော်မတီမှ ကျောင်းသုံးပစ္စည်းများပြုလုပ်ရန် လုပ်ငန်းရှင်များကို စိစစ်ရွေးချယ်
Dec 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံစာသင်ကျောင်းများအား (၂၀၂၁) ခုနှစ်၌ ပြည်ထောင်စုရံပုံငွေကျပ်ငွေသိန်းပေါင်း (၁၀၀၀/-)ကျော်ဖြင့် ကျောင်းသုံးပစ္စည်း (၅)မျိုး အကောင်အထည်ပြုလုပ်ရန် လာရောက်လျှောက်ထားသော (ကုမ္ပဏီ)လုပ်ငန်းရှင်များအား မြို့နယ်လုပ်ငန်းရှင်စိစစ်ရေးကော်မတီက စိစစ်ရွေးချယ်ပြီး ယမန်နေ့မွန်းလွဲ (၄)နာရီခွဲအချိန်ခန့် က အတည်ပြုထုတ်ပြန်ကြေညာသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စည်ပင်သာယာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ ဖွံ့ဖြိုးရေးနှင့် မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အတွက် လမ်းများ ကွန်ကရိ ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၉)ရပ်ကွက်၊ အောင်တံခွန်လမ်း လမ်းကွန်ကရိခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေး ကော်မတီ လမ်းနှင့် တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့ မြို့နယ် အင်ဂျင်နီယာဦးအောင်ဇော်ဦးနှင့် အဖွဲ့မှ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ မသန်စွမ်းကလေးငယ်များအတွက် Korea Hanbeot Foundation မှ လက်တွန်းလှည်းများ လှူဒါန်း
Dec 17,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မသန်စွမ်းကလေးငယ်များ အတွက် လက်တွန်း လှည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က အောင်ဆန်းရပ်ကွက်ရှိ ဆရာမဒေါ်နွဲ့နွဲ့အေး နေအိမ်တွင် ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လှည်းကူးမြို့နယ်၌ ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ
Dec 17,2020
တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လှည်းကူးမြို့နယ်၌ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဖြူး၌ ဘူတာရုံအသစ် တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီး
Dec 17,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် မြန်မာ့မီးရထားမှ ဖြူးဘူတာရုံ အသစ်တည်ဆောက်မှုကို၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် နိုင်ငံတော်ဘဏ္ဍာငွေ(၃၇၂)သန်းဖြင့် တင်ဒါအောင်ကုမ္မဏီမှ စတင်တည်ဆောက်ခဲ့​ရာ ယခုအခါ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  မြန်မာ့မီးရထားဌာနမှ သိရပါသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကို‌ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နှိုးဆော်ခြင်း နှင့် အသိပညာပေးလှုပ်ရှားမှုများကို ပြည်သူများ သိရှိ နားလည် လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း နှင့် မြို့တွင်း လူအများသွားလာနေသော နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရေကြည်မြို့နယ်၌ “Online Physical Fitness Dance " ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော “Online Physical Fitness Dance " ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ရေကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။