သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Dec 18,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ နှာခေါင်းစည်း( Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို နေ့စဉ် Mask Campaign ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ် လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီက လောင်းလုံးမြို့နယ် အတွင်းရှိ မြို့ပေါ်/ရပ်ကွက်နှင့်ကျေးရွာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထား သည့် မိုးစပါးဆင်းသုခမျိုးစေ့ထုတ်စိုက် ကွင်းများအား စံကွက်ရိတ်သိမ်း
Dec 18,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေဦးစီးဌာန အုန်းတောနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ နှင့် စိုက်ပညာရှင်ဝန်ထမ်းများ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ သည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ဆင်တပ်ကျေးရွာ ကွင်းအမှတ် (၈၃၁/ ၁)၊ ဦးပိုင်အမှတ် (၂၃၅/၁) တောင်သူဦးတင်မြင့်၊ ဦးပိုင်အမှတ်(၂၃၆)တောင်သူ ဦးလင်းလင်း၊ ဦးပိုင် အမှတ် (၂၄၆) တောင်သူ ဦးညွန့်ဝင်းတို့၏ အောင်မြင်ဖြစ်ထွန်းနေ သော(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခ မျိုးစေ့ထုတ်စိုက်ကွင်းများအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၌ Youth Club အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နေအိမ်ပြင်ပ သွားလာသူများ Mask Campaign ပြုလုပ်
Dec 18,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုဖြစ်ပွားနေဆဲဖြစ်သည့်အတွက် လူတိုင်းအပြင်ထွက်လျှင် နှာခေါင်းစည်းMask တပ်ဆင်သွား လာရေး အသိပညာပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယနေ့နံနက် ပိုင်းက ကျောက်တိုင်လမ်းနှင့် ဆေးရုံလမ်းဆုံ၊ မေတ္တာလမ်းတို့တွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်တောင်ကျေးရွာနှင့် သင်းကျွန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘားအံမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်
Dec 18,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့ တဂူသိမ်စျေးတွင် ခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များ ရောင်းချမှုရှိ မရှိ စစ်ဆေး
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအားဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန်နှင့်အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက တဂူသိမ်စျေးတွင် ပြည်သူလူထုနေ့စဉ် စားသောက်၊ အသုံးပြုနေသောအ ခြေခံစားကုန်များနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ခွင့်မပြု၊ သက်တမ်း လွန်အစားအသောက်၊ အလှကုန်များကို ကြည်ရှု့စစ်ဆေး ​ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပြတ်ရှဒါဏ်ရာများဖြင့် လူသေအလောင်း ၂ လောင်းတွေ့ရှိ
Dec 17,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် (၆) လမ်း၊ အပိုင်း(၃)၊ အမှတ်(၄၀၅) ပထမထပ်တွင် ယနေ့ နေ့လယ် ၃ နာရီက လူသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်သေများနှင့်အတူ နေအိမ်အခန်းအား ဝင်ရောက်စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ များဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။