သတင်းများ

စမ်းချောင်းမြို့နယ်အတွင်း ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသောမိသားစုများအတွက် နိုင်ငံတော်က ထောက်ပံ့မည့် အစီအစဉ်အတွက်အိမ်တိုင်ရာ​ရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်
Dec 16,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ စမ်းချောင်းမြို့နယ်အတွင်း ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသောမိသားစုများအတွက် နိုင်ငံတော်က ထောက်ပံ့မည့် အစီအစဉ်အတွက် ကွင်းဆင်းစိစစ်မှုကို ယနေ့ နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့ နယ် လင်းလွန်း(တောင်)ရပ်ကွက် အတွင်းကွင်းဆင်းခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်ရေယာဉ်(သမ္ဗန်)များ လိုင်စင်သက်တမ်းတိုးရန် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ မောင်းနှင်ပြေးဆွဲခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Dec 16,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ဆိပ်ကြီးသမ္ဗန်ဆိပ်နှင့် ကီလီ(ဝါးတန်း)ဆိပ်ကမ်း သို့ မောင်းနှင်ပြေးဆွဲလျက်ရှိသည့် “ရွှေရန်ကုန်” စက်တပ်ရေယာဉ်လိုင်းမှ စက်တပ်သမ္ဗန်များ လိုင်စင်သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးရန်အတွက် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ မောင်းနှင်ပြေးဆွဲခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်(၈)နာရီမှစ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ အဆိုပါ စက်တပ်သမ္ဗန်ဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင်  ပြည်သူများ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Dec 16,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အတွက် လူထုလှုပ်ရှားမှုကို နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက တံတားမြို့ ယာယီပျံကျဈေးနှင့် YBS ၃၄ ကားဂိတ်တို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မိုင်းခတ်မြို့၌ အမျိုးသမီးရေးရာအဖွဲ့ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး ဒုတိယနှစ်ဝက် ဆန်းစစ်ဆွေးနွေးပွဲကျင်းပ
Dec 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့၌ အမျိုးသမီးရေးရာအဖွဲ့ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး ဒုတိယနှစ်ဝက် ဆန်းစစ်ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/မြို့ထွက်ဂိတ်တွင် (၂၄)နာရီ စစ်ဆေးဆောင်ရွက်
Dec 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် (၂၄)နာရီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်ဘူတာလမ်းဆုံတွင် နှာခေါင်းစည်း(Mask)ဝေငှခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 16,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်၊ (ခ)ရပ်ကွက်၊ ဘူတာလမ်းဆုံတွင် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က နှာခေါင်းစည်း(Mask)များ ဝေငှခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
နမ့်စန်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အတွက် ဂုဏ်ပြုပွဲ ကျင်းပ
Dec 16,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား/သူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက်၁၀နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဝင်များ ရွေးချယ်ခြင်း ဆောင်ရွက်
Dec 16,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ သုံးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးယူနစ် ဆောင်ရွက်ရန် ရွေးချယ်ထားပြီး အဆိုပါ ကျေးရွာများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင်များ ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက လွီးကထိကျေးရွာနှင့် ဒေါဆီးအီကျေးရွာ တို့တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။