သွား/လာရေးအဆင်ပြေစေရန် ပတ်ကျောရွာလေးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်း
Dec 15,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် ပတ်ကျောကျေးရွာ အုပ်စု ပတ်ကျောရွာလေးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၈၀၀ ပေ x အကျယ် ၁၄ ပေ x ထု ၆ လက်မ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၁၃၃၀၀၀၀၀) ကျပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။