သတင်းများ

ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဖြေလျှော့ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း မြို့နယ်အတွင်း၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒေ စိုးမိုးရေးအတွက် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ဆွေးနွေးဖြေလျှော့ ထိန်းသိမ်း နိုင်ရေးအတွက် ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ဖြေလျှော့ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း(VDP) အကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများဆောင်ရွက်
Dec 15,2020
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျေးရွာဖွံဖြိုး တိုးတက်ရေး စီမံကိန်း (VDP ) အကြောင်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်း များကို ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီရွေးချယ်ခြင်း ပြုလုပ်
Dec 15,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အိုင့်ကျေးရွာနှင့် ကူတော်ကျေးရွာတို့တွင် ယမန်နေ့က မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ရွေးချယ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်
Dec 15,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန် နေ့ ညနေပိုင်းအချိန်က မင်းဘူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့တွင် စစ်ဆေးရေးဂိတ် (၇)ခုဖြင့် သတ်မှတ်ခွင့်ပြုကတ်ပြားများ စိစစ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စည်းကမ်းလိုက်နာစေရန်၊ မြို့နယ် ကိုဗစ်ကော်မတီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက သတ်မှတ်စည်ကမ်းများထုတ်ပြန် ထားသော်လည်း ပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့်ဒီဇင်ဘာလ (၁၁)ရက်နေ့မှ စတင်၍ စစ်ဆေးရေးဂိတ် (၇) ခုနှင့် မိုဘိုင်းလှည့်လည်စိစစ်ရေးအဖွဲ့(၃)ဖွဲ့ဖြင့် သတ်မှတ်နေများတွင် ယမန်နေ့နံနက် (၆)နာရီမှ ည(၁၀) နာရီ အတွင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
နှလုံးသာပရဟိတ (သီပေါ)အဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Dec 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက် စားသောက်ကုန် (၈)မျိုးနှင့် စောင်များအား ယမန်နေ့မွန်းလွဲပိုင်း က နှလုံးသာပရဟိတ (သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လှည်းထောက်ကွင်း ကျေးရွာအုပ်စု၊ လှည်းထောက်ကွင်းကျေးရွာ စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများအတွက် ကောက်ရိုးမှိုစိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့သရုပ်ပြ
Dec 15,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ မိမိခြံဝင်း အတွင်း စိုက်ပျိုး၍ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကောက်ရိုးမှို စိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။