သတင်းများ

ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အဓိကအရေးကြီးသည့် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ပြုလုပ်
Dec 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို  ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပုဇွန်တောင်စျေးနှင့် လူစည်ကားရာ နေရာများနှင့် ကားဂိတ် တို့တွင်  ဆောင်ရွက်ခဲ့ကြသည်။
ဒလမြို့နယ်၌ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း ဖွင့်လှစ်သွားမည်
Dec 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအား ထိရောက်စွာဖြင့် ကာကွယ်ထိန်းချုပ် ကုသပေးနိုင် ရေးနှင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်း ဖွင့်လှစ်နိုင် ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်
Dec 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဩဂကျေးရွာ၌ တောင်သူစွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်
Dec 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြ ကျေးရွာ ဖြစ်သော ဩဂကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ်စိုက်ပျိုးရာသီ တောင်သူ စွမ်း ဆောင်ရည် မြှင့်သင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ကော့မှူး၌ နှာခေါင်းစည်း မတပ်ဆင်သူများကို အခုဝယ် အခုတပ်စနစ်ဖြင့်‌ ဆောင်ရွက်
Dec 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်က လူစည်းကားရာ နေရာများဖြစ်သော လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင် သူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်သော အခြေခံစားသောက်ကုန်များကို ဈေးကားများဖြင့် လာရောက် ရောင်းချ
Dec 14,2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှကြီးကြပ်၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ ပြည်သူများကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၊ လူစုလူဝေးများသောစျေးများသို့ သွားရောက်မှု နည်းစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှုအား အထိုက်အလျောက်ကာကွယ်နိုင်ရန်မြို့နယ်များအတွင်းသို့သား၊ ငါး စားသောက်ကုန်များကို စျေးကားများဖြင့်လိုက်လံရောင်းချပေးလျက်ရှိသည်။
သန်လျင်၌ ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေး
Dec 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စည်းကမ်းချက်များနှင့်အညီ ပြန်လည် ထုတ်ချေးပေးလျက်ရှိကြောင်း ယနေ့ နံနက် ၁၀ နာရီ က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး Mask နှာခေါင်းစည်း၊ Face Shield  Campaignဆောင်ရွက်
Dec 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း မတပ်ဆင်ထား သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယနေ့ နံနက်(၉)နာရီက အမှတ်(၉)ရပ်ကွက် ဇော်ဂျီလမ်းနှင့် မင်းရဲကျော်စွာ လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။