Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေ အပန်းဖြေရင်ပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်းဆောင်ရွက်
Dec 15,2020
မြို့ခံပရဟိအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေ အပန်းဖြေရင်ပြင် ပတ်ဝန်းကျင်တစ်ဝိုက် သန့်ရှင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ စာရေးဆရာကြီး(၁၀)ဦးအား အခြေခံစားသုံးကုန်များနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း
Dec 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ စာရေးဆရာကြီး (၁၀)ဦးအား ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မဝင့်ဝါလွင်နှင့် အလှူရှင် (၈)ဦးတို့မှ စုပေါင်းလှူဒါန်းသည့် အခြေခံ စားသုံးကုန်များနှင့် အလှူငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် အလှူရှင်များ ကိုယ်စား မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးနှင့် စာရေးဆရာများက လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Dec 15,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၃)ဦး အား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃)သို့ ပို့ဆောင်
Dec 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၃၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန် (GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့မစျေးအတွင်း လိုက်လံ အသိပညာပေး စစ်ဆေး
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ မြို့မစျေးနှင့် ယာယီပျံကျ စျေးတို့တွင် ယနေ့နံနက် ၈ နာရီက လိုက်လံအသိပညာပေး စစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် မူလတန်းကျောင်းကျောင်းဆောင်သစ်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် တည်ဆောက်ပေးမည်
Dec 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် (ပလောင်ငြိမ်းချမ်းရေး ကုန်း) မူလတန်းကျောင်း ကျောင်းဆောင်သစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးမည်ဖြစ်ရာ အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့် နေရာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်ကြီးကြပ်ရေးမှူး ဦးကျော်သက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက မြေသန့်/ပန္နက်ရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ဈေးများဖွင့်လှစ်နိုင်ရေး ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ဈေးများဖွင့်လှစ်နိုင်ရေး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် Quarantine Center များတွင် Quarantine ဝင်နေသူများနှင့် Volunteer များ စားသုံးရန်အတွက် ထမင်းဘူးများ လာရောက်လှူဒါန်း
Dec 15,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အတွင်းရှိ Quarantine Center များ၌ ထားရှိသော ရောဂါပိုးတွေ့သူများ၊ ထိစပ်လူနာများ၊ အနံ့ပျောက်သူများနှင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြသော Volunteer များစားသုံးရန်အတွက် ထမင်းဘူးများကို ယနေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27451
Page
27452
Page
27453
Page
27454
Current page
27455
Page
27456
Page
27457
Page
27458
Page
27459
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department