ရေဇွာမြို့ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ကမြို့ဝင် ဂိတ်များသွားရောက်စစ်ဆေး
Dec 14,2020
ချင်းပြည်နယ်၊ ရေဇွာမြို့တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ်(၂)ခု ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းများ၊ ခရီးသွားရာဇဝင်များ မေးမြန်းပြီး မှတ်သားခြင်း များကို နေ့စဉ်ရွက်လျက်ရှိရာ အဆိုပါဂိတ်များတွင် ပိုမိုတင်းကျပ်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့က ယနေ့နံနက် ၁၁ နာရီ အချိန်က သွားရောက် စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။