ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Dec 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်ဦးညို ရေးသားသည့် `` တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။