သတင်းများ

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်
Dec 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
ကဝမြို့၌ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း
Dec 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း ခြင်းကို ယမန့်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါရောင်းချ
Dec 11,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက်ငွေလုံး ငွေရင်းလုပ်ငန်းတင်ဒါ ရောင်းချမှု အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တုံတာမြို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Dec 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်း ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ရပ်ကွက်(၃)၊ ဓမ္မာရုံတွင် ဆောင်ရွက် ခဲ့သည်။
ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးဆောင်ရွက်
Dec 11,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပလောက်မြို့ မီးသတဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပလောက်မြို့အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်တွင် မနောသုခ(RS) မိုးစပါးစံကွက်ရိတ်သိမ်းရာတစ်ဧက စပါးအစိုတင်း ၁၁၀ ထွက်ရှိ
Dec 11,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း စိုက်ပျိုးထားသောမိုးစပါး တစ်ဧက ပျမ်းမျှအထွက်နှုန်း သိရှိနိုင်ရန် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကန်သစ်ကျေးရွာ ကွင်းအမှတ် ၁၈၄၇၊ဦးပိုင်အမှတ် ၄၈က/၂ တောင်သူ ဦးကျောက်ခဲ၏ မနောသုခ(RS) မိုးစပါး အကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်
Dec 11,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် (GAP) အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀း၀၀)အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။