သတင်းများ

ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
Dec 11,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ဒေါ်လန်းကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၆)ရက်နေ့ ကစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြိုနယ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
Dec 11,2020
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်မင်္ဂလာကျေးရွာအုပ်စု အောင်သစ္စာကျေးရွာတွင်၌ ကျင်းပပြုလုပ်ခဲ့သည်။
တနိုင်းမြို့နယ်၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး (Mask Campaign) ပြုလုပ်
Dec 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ယာယီပျံကျ ဈေးအတွင်း တစ်‌လျှောက်၌ ဈေးရောင်းသူများ လိုက်နာရမည့်အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဈေးဝယ်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား Loudspeaker များဖြင့် အသိပညာပေးခြင်းနှင့် ဈေးဝယ်သူနှင့် ဈေးရောင်းသူ Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်း(၆)ဦးတို့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရေးမြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း (၃) ကြိမ်မြောက် အခြေခံစားကုန်များ ထောက်ပံ့ ပေးအပ်
Dec 11,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း
မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ကျစေရေး‌ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရန် ရည်ရွယ်၍ မြောင်းမြမြို့နယ် အတွင်းရှိ ဈေးများ၊ ပုဂ္ဂလိကအရောင်းဆိုင်များ၊ အိမ်ဆိုင်များ၊ လမ်းဘေး စျေးသည်များ ပြန်လည်ရောင်းချမှုအား ကြပ်မတ်စစ်ဆေးခြင်းကို ဒီဇင်ဘာလ (၂)ရက်နေ့ မှစတင်ကာ နေ့စဉ် နံနက်(၇)နာရီမှ (၁၀:၃၀)ထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့မှ ချောင်းသာမြို့ Quarantine စင်တာရှိ ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူ(၁)ဦး အပါအဝင် ချောင်းသာ Quarantine စင်တာရှိ ထိစပ်ခဲ့သူ(၁၆)ဦးအား စစ်ဆေးရာ ပိုးမတွေ့ကြောင်းသိရ
Dec 11,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာမှ ချောင်းသာမြို့ရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူနှင့်အတူ တစ်ခန်းတည်း Quarantine ဝင်နေခဲ့သူအား ဒီဇင်ဘာလ (၆)ရက်နေ့၌ ချောင်းသာမြို့ အ.မ.က(၈) Quarantine စင်တာတွင် ဒုတိယအကြိမ် ပြန်လည်နေထိုင်စေပြီး(၅)ရက်မြောက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ Rapid Diagnosis Test ဖြင့်စစ်ဆေးခဲ့ရာ (Negative)ဖြစ်ကြောင်း ချောင်းသာမြို့၊ ကျေးလက် ကျန်းမာရေးဌာန၊ ကြီးကြပ်(၁) ဦးထွန်းအောင်ကို ထံမှ သိရသည်။
လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ ဝေငှ တပ်ဆင်ပေး
Dec 11,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး အတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်စီး(Mask)များ အခမဲ့တပ်ဆင်ပေးဝေခြင်းကို ယနေ့ နံနက်(၈)နာရီက လူစည်ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး သရက်မြို့မစည်ပင်သာယာဈေး၌ ဆန်တန်းရုံ (Steel Structure)အဆောက်အဦလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ
Dec 11,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (Steel Structure) ဆန်တန်းရုံ အဆောက်အဦ (၂) ရုံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့မစည်ပင်သာယာဈေးတွင် ကျင်းပခဲ့ကြောင်း သိရသည်။