သတင်းများ

ကျိုင်းလပ်မြို့၌ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်၊ ဆေးထိုးပေးခြင်းဆောင်ရွက်
Dec 07,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ကျာခမ်းကျောက် ကျေးရွာအုပ်စု အတွင်းရှိ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်၊ ဆေးထိုးပေးခြင်းကို ယနေ့နံနက်ပိုင်းက နမ့်ငေါ့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 07,2020
နွားထိုးကြီးမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတ်မှတ် စည်းကမ်း ချက်နှင့် အညီ ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန် ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ဆွေးနွေး
Dec 07,2020
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက် နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
တောင်ဥက္ကလာပမြို့နယ် အ.မ.က (၉) ကျောင်း Quarantine Center ၌ထားရှိသော စောင့်ကြည့်လူနာများအား ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိသဖြင့် အိမ်ပြန်ခွင့်ရရှိ
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း Quarantine Center ၌ ထားရှိသော စောင့်ကြည့်လူနာများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ရယူ၍ စစ်ဆေးခဲ့သည်။
ကျောက်ဆည်မြို့နယ် တုံလုံကျေးရွာနှင့် မြောင်းဘောင်ကျေးရွာများတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး လျာထားကွင်းဆင်း တိုင်းတာခြင်းများဆောင်ရွက်
Dec 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ များ ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက တုံလုံကျေးရွာနှင့် မြောင်ဘောင်ကျေးရွာများတွင် ကုန်ထုတ်လမ်းများ လျာထားဆောင်ရွက်နိုင်ရေး လျာထားကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တောင်သာမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Dec 07,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့မ စည်ပင်သာယာဈေးနှင့် မြစည်းခုံဘုရားကြီး ဈေးဝန်းကျင်တွင် ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
​​​​​​​ရွှေတောင်မြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြု
Dec 07,2020
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင် ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်များကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ လျာထားတင်ပြနိုင်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး ကျင်းပ
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ စီမံကိန်းအဆိုပြု လျာထား လုပ်ငန်းများ အတည်ပြုနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြကြောင်း သိရသည်။