သတင်းများ

ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျောက်မဲ မြို့တွင် ဆောက်ရွက်
Dec 07,2020
၂၀၂၀ ပြည့်နှစ် ၊ ဒီ ဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက် ရေးနေ့ World AIDS Day အထိမ်း အမှတ်အဖြစ် အသိပညာဆွေးနွေးပွဲကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA ၏ စီစဉ်မှုဖြင့်ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ မက်သာဒုန်းတိုက်ကျွေးရေးဌာန ရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 07,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အဓိကအရေးကြီးသည့် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ကို အပတ်စဉ်ဆောင်ရွက်ပေး
Dec 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို အပတ်စဉ် ရပ်ကွက်များ၊ လမ်းများ အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် ၂ ရပ်ကွက် ညောင်ဦးဖီးလမ်းနှင့် စစ်စံထွန်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပြင်စလူမြို့ မြို့အဝင်စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ထိမ်းအမှတ် လက်ကမ်းစာ‌ စောင်များ လူစည်ကားရာ နေရာများ၌ ဖြန့်ဝေ
Dec 07,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ၀န်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် များလူစည် ကားရာ‌ နေရာများ၌ဖြန့်ဝေခြင်းကို ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကားဂိတ်၊ ဆိုင်ကယ် ကယ်ရီဂိတ်၊  မြို့မဈေး တို့တွင် ပြည်သူများ လက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြိုနယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် သွားလာရေး အဆင် မပြေသော လမ်းများကို ကွန်ကရစ်လမ်း ခင်းကျင်းခြင်းနှင့် အခြားဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ယမန့်နေ့ နံနက် ၁၁ နာရီက ရွှေပေါက်ကံမြို့သစ် ရပ်ကွက်နှင့် (ဌ)ရပ်ကွက်ရှိ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း သိရသည်။
ရွာငံမြို့တွင် မိုးလုံလေလုံ အားကစားရုံ ပန္နက်တင်မင်္ဂလာပြုလုပ်
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ်အားကစားကွင်း အတွင်း၌ မိုးလုံလေလုံ အားကစားရုံအတွက် ပန္နက်တင်မင်္ဂလာပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါ ဆောက်လုပ်မည့်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်ဖော်ဆောင်နိုင် ရေးအတွက် နေရာသစ်(၂)ခုအားကွင်းဆင်းကြည့်ရှု
Dec 07,2020
မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေးတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု့ကော်မတီ ညောင်ဦးခရိုင် (DMO) အတွင်းရေးမှူး