သတင်းများ

သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်၀င်း၌ ဖွင့်လှစ်ထားသော Community Based Facility Quarantine Center တွင် ဂီတတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်
Dec 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဦးဆောင်၍ ယမန်နေ့ ညနေ (၆:၀၀)နာရီက ဇိနမာရ်အောင်စေတီတော်၀င်းရှိ Community Based Facility Quarantine Center တွင် Quarantine ၀င်ရောက်နေသူများ၊ ကြက်‌ခြေနီတပ်ဖွဲ့၀င်များနှင့် Volunteer များအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ ဂီတတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ငွေလုံးငွေရင်းလုပ်ငန်းခွင့်ပြုငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Dec 07,2020
နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ်ခွင့်ပြုငွေများဖြင့် မြို့နယ်သန့်ရှင်းသာယာ လှပစေရေးနှင့် ဖွံဖြိုး တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ငွေလုံး ငွေရင်းလုပ်ငန်း ခွင့်ပြုငွေ(၉၈.၇)သိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၃)ရှိ ရွှေညောင်ပင်လမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့ တွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာတွင် တိရစ္ဆာန်များအား သံချဆေး၊ အားဆေးများ အခမဲ့ထိုးနှံပေး
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနွယ်နွယ်အောင်နှင့် CAHW များ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီတွင် လှော်ကထားကျေးရွာတွင် တရိစ္ဆာန်များအား ဆေးကုသပေးခြင်း၊ သံချဆေး၊ အားဆေးများ(အခမဲ့) ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မောက်မယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး
Dec 07,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၅၃.၉၁၈) သန်းဖြင့် မောက်မယ်မြို့နယ် ကဒူးကြီး ကျေးရွာအုပ်စု အတွင်းရှိ နားဟီး-ကျူတဝီး-ဒေါတခေါ (ဒေါဓမ ) ကျေးရွာ ချင်းဆက်လမ်း (၉/၀)မိုင် အနက် (၅/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်း ၊ (၁၀)ပေ Box Culvert (၁)စင်း နှင့် (၅)ပေ Box Culvert (၁)စင်း တည်ဆောက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ရေဇွာမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အဓိကလမ်းများအား လမ်းအညွှန်းများ စိုက်ထူ
Dec 07,2020
ချင်းပြည်နယ်၊ ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းအဓိကမိန်းလမ်းများအား လမ်းအညွှန်းများ စိုက်ထူတပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်မြို့၌ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 07,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းရန် အဆိုပြုချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်
Dec 07,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၅)သိန်းအား လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်
Dec 07,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း အချိန်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၃၆၉ ဦးရှိပြီး မြို့နယ် ကုတင်-၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ Positive လူနာ ၁၁၂ ဦးရှိကာ သေဆုံးလူနာ ၁ ဦးနှင့် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းသူ ၂၅၇ ဦးရှိပြီဖြစ်သည်။