သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၄၁ ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်း
Dec 07,2020
မော်လမြိုင်ကျွန်းမြို့နယ်ခုတင် ၁ဝဝ ဆေးရုံကြီးနှင့်မြို့နယ် တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ)၊ ဒေါ်မေမေစိန်ဗိမာန်(ယာယီဆေးရုံ) တို့တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယနေ့ နေလယ်ပိုင်းတွင် ကျန်းမာရေးကောင်းမွန်သဖြင့်( ၁၇) ရက်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဆေးရုံမှ ၄၁ ဦးဆင်းခွင့်ရရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူများ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။
အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်စျေးနှင့် လူစည်ကားရာနေရာတွင် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 07,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်စျေးနှင့် လူစည်ကား ရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ တစ်အိမ်သုံးဆိုလာမီး ရရှိတော့မည်
Dec 07,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး အမျိုးသားလျှပ်စစ်မီးလင်းရေး စီမံကိန်း NEP (မဟာဓာတ်အားလိုင်းပြင်ပ) တစ်အိမ် သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW)၏ ထောက်ပံ့မှုဖြင့် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ တစ်အိမ်သုံးဆိုလာမီး ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ ဆေးရုံ အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီသို့ ဆေးရုံအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရ
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးကို ဒီဇင်ဘာလ(၅)ရက်နေ့က ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာအားလုံး ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှု အဆိုပြုလျာထားစာရင်းများ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁ဝ:၃၀)နာရီအချိန် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထားစာရင်းများအား စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 07,2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပင်းတယမြို့၊ မြို့မဈေး၌ ယနေ့ နံနက်ပိုင်း က ဖြန့်ဝေပေးခဲ့သည်။
ငပုတော၌ အင်ဗာတာမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ် ပေါက်ကွဲပြီး မီးလောင်ရာမှ နေအိမ် ၁၈ လုံးဆုံးရှုံး
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာတွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အင်ဗာတာမှတစ်ဆင့် ဝါယာရှော့ခ် ဖြစ်ပေါက်ကွဲပြီး မီးလောင်ရာမှ နေအိမ် ၁၈ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။