သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ လျာထားတင်ပြနိုင်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး ကျင်းပ
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး အဆိုပြုချက် လုပ်ငန်းများ စီမံကိန်းအဆိုပြု လျာထား လုပ်ငန်းများ အတည်ပြုနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား​အောင်ပွဲ​နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေ​ပေး
Dec 07,2020
ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းလွဲ(၂) နာရီက လူစည်ကားရာနေရာများတွင်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း Positive အတည်ပြုလူနာ (၈၈၃)ဦးထိရှိပြီး ပြန်လည်ကောင်းမွန်လာသူ(၇၇၄)ဦးထိရှိ
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ကျန်းမာရေးဌာန(၂)ခု၊ အခြေခံပညာ ကျောင်း(၃) ကျောင်း၊ ဓမ္မာရုံ(၁)ခုတို့တွင် အသွားအလာများ ကန့်သတ်ထားရှိကာ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းချိန်အထိ စင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူ ဦးရေ(၂၀၀)ဦးခန့်အထိ ရှိနေကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိ​ဇေယျမင်္ဂလာ​ကျောင်းတိုက်နှင့် အိမ်ထောင်စု(၇၀)စုတို့အတွက်အခြေခံစား သောက်ကုန်များ We Love Hlaing မှလှူဒါန်း
Dec 07,2020
ကိုဗစ်−၁၉ကာကွယ်ထိန်းချုပ်စဉ်ကာလ အတွင်းပြည်သူများစားဝတ်နေရေးအစဉ်ပြေစေ ရေးအတွက်ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ရှိ We Love Hlaing ပရဟိတအဖွဲ့သည် အနယ်နယ်အရပ်ရပ်မှလှူဒါန်း ပေးလျက်ရှိသော အလှူရှင်များကိုယ်စား ရပ်ကွက်များရှိဘုန်း​တော်ကြီး​ကျောင်းများ၊  အ​ခြေခံလူတန်းစားများ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းများ၊Lock Down မိသားစုများအား လှူဒါန်း​ဆောင်ရွက်လျက်ရှိရာဘုန်း​တော် ကြီးများနှင့်အိမ်ထောင်စု(၇၀)စုတို့အတွက်အခြေ ခံစားသောက်ကုန်များကိုယမန်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြသည်။
မြောင်းမြ၌ ၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြောင်းမြမြို့အတွင်းရှိ ဈေးများ၊ သင်္ဘောဆိပ်နှင့် လူစည်ကားရာနေရာများ၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် များကို ယနေ့ မွန်းတည့် ၁၂ နာရီက ဖြန့်ဝေပေးခဲ့ကြသည်။
ဒီဇင်ဘာ ၁ ရက်နေ့မှ ၆ ရက်အတွင်း မူဆယ်မြို့သို့ နေရပ်ပြန် ပြည်သူ စုစုပေါင်း(၂၇၀)ကျော် ဝင်ရောက်လာ
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ တရုတ်နိုင်ငံဘက်မှ နေရပ်ပြန်ပြည်သူများနေ့စဉ်ပုံမှန် ပြန်လည် ရောက်ရှိ လာလျက်ရှိရာ ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့အထိ (၆)ရက်အတွင်း နေရပ်ပြန် ပြည်သူစုစုပေါင်း(၂၇၀)ကျော်ဝင်ရောက်လာခဲ့ကြောင်း မူဆယ်မြို့၊ လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးဆပ်ကော်မတီထံမှ သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် Mask Campaign ဆောင်ရွက်
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သွားလာ ရေး အသိပညာပေးခြင်း Mask Campaign ကို ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ် စည်ပင် သာယာစျေးရှေ့၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အင်္ဂပူမြို့နယ်တွင် ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင် စားသောက်ခွင့်ပြုနိုင်ရန်အတွက် စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 07,2020
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်ရန် အတွက် စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။