ရွှေကူမြို့နယ်၌ RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ အတည်ပြု လူနာသစ်(၂)ဦး ထပ်မံတွေ့ရှိ
Dec 08,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၉)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၅)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၂)ဘီး ငှက်ပျောတင်ယာဉ်မှ ယာဉ်နောက်လိုက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ တွင် နေထိုင်သော အမျိုးသား(၁)ဦးနှင့် (၂၂)ဘီး ငှက်ပျောတင် ယာဉ်မှ ယာဉ်နောက်လိုက် နေပြည်တော် လယ်ဝေးမြို့နယ်၊ အေလာရပ်ကွက် မြို့သစ်(၁)လမ်း၌ နေထိုင်သော အမျိုးသား(၁)ဦးတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။