ကော့မှူး၌ Mask Campaign ပညာပေးလှုပ်ရှားမှုပြုလုပ်
Dec 08,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မည်သူမဆို နေအိမ်မှ အပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign အစီ အစဉ်ကို ယနေ့ နံနက်က မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။