သတင်းများ

ရှမ်းရွာသစ်မြို့ရှိ မဲလောခီးကျေးရွာအုပ်စု၊ ဝါးမီးကလားကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသ နေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာအုပ်စုရှိ ဝါးမီးကလားကျေးရွာတွင် အသက်နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဝမ်းတွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစစ်ဆေးဆောင်ရွက်
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်း များကို စစ်ဆေးရေးဂိတ်များဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူဆောင်ရွက်
Dec 08,2020
မင်းတပ်မြို့၌ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းမရှိသူများအား အရေးယူခြင်းကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ စံပြရပ်ကွက် မြို့မစျေးရှေ့ မင်းတပ်-မတူပီ ကားလမ်းမပေါ်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်
Dec 08,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄) အမှတ်(၇)ကို ဖျာပုံမြို့နယ် မြောက်ပိုင်စျေး၌ ယနေ့နံနက် (၉)နာရီခွဲက ဖြန့်ဝေခဲ့ကြသည်။
ဟင်္သာတ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်း ခဲ့ရသည့် စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာမှ အိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အတွဲ(၄) အမှတ်(၇)ကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ခရီးသွားပြည်သူများနှင့် သင်္ဘောဆိပ်တို့တွင် လိုက်လံဖြန့်ဝေခဲ့​ကြောင်း သိရသည်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား
Dec 08,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၃)လမ်းရှိ ဦးကြည်လွင်၏ အုတ်ခံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂)ထပ် နေအိမ်တစ်လုံး မီးအားမြှင့်စက် အပူလွန်ကဲပြီး ယမန်နေ့ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။