သတင်းများ

လှိုင်မြို့နယ်​​ပါရမီစိန်​​ဂေဟာ​​ရှေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်
Dec 07,2020
ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ် ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယမန်နေ့ည​နေ(၄) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပါရမီလမ်းရှိ ပါရမီစိန်​ဟော​ရှေ့တွင် ကိုဗစ်-၁၉ ကော်မတီဝင်များက အရှိန်အဟုန်မြှင့်ဆောင် ရွက်ခဲ့ကြသည်။
ရွာငံမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 07,2020
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် နှစ်စဉ်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း၏ သမိုင်းကျောင်းများကို ပြည်သူများသိရှိနိုင်စေရန် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) အသိပညာပေးစာစောင်များကို ယနေ့ နံနက်ပိုင်းမှစ၍ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Dec 07,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်‌ တောင်ပိုင်း ခရိုင် ကော့မှူးမြို့နယ် မြို့မဈေးကြီးရှေ့နှင့် လမ်းဆုံလမ်းခွများတွင်‌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၁၁) ဦး ထပ်မံတွေ့ရှိ
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ နှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ နိုဝင်ဘာလ ၅ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျောက်မဲ မြို့တွင် ဆောက်ရွက်
Dec 07,2020
၂၀၂၀ ပြည့်နှစ် ၊ ဒီ ဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက် ရေးနေ့ World AIDS Day အထိမ်း အမှတ်အဖြစ် အသိပညာဆွေးနွေးပွဲကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA ၏ စီစဉ်မှုဖြင့်ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ မက်သာဒုန်းတိုက်ကျွေးရေးဌာန ရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 07,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အဓိကအရေးကြီးသည့် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ကို အပတ်စဉ်ဆောင်ရွက်ပေး
Dec 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို အပတ်စဉ် ရပ်ကွက်များ၊ လမ်းများ အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် ၂ ရပ်ကွက် ညောင်ဦးဖီးလမ်းနှင့် စစ်စံထွန်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပြင်စလူမြို့ မြို့အဝင်စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။